fbpx

CV Form မတင်ခင်တွင် မေးလေ့ရှိသော မေးခွန်းများနှင့် အဖြေများ (FAQs)

ဤ Page တွင်ရှိသော FAQs အမေးအဖြေများမှာ Singapore နိုင်ငံတွင် HCA (Healthcare Assistant) (သို့) NA (Nurse Aide) သွားရောက်လုပ်ကိုင်လိုသူများမေးလေ့ရှိတဲ့ မေးခွန်းများကို တစ်နေရာတည်းမှာ တစ်စုတစ်စည်းထဲ သိနိုင်ရန်အတွက် စုစည်းပေးထားသော FAQs Page ဖြစ်ပါတယ်။

Q1: အပြင်သူနာပြုအကူသင်တန်း (3) လ၊ (6) လ၊ (9) လ အစရှိသဖြင့် သင်တန်းဆင်းလက်မှတ် certificate များရှိထားရင် မည်သည့် Position ဖြင့်လျှောက်လို့ရပါသလဲ? 

A1: အပြင်သူနာပြုအကူသင်တန်း (3) လ၊ (6) လ၊ (9) လ အစရှိသဖြင့် သင်တန်းဆင်းလက်မှတ် certificate များရှိထားရင် Health Care Assistant Position ဖြင့် Singapore မှာ အလုပ်လျှောက်လို့ရပါသည်။  

 

Q2: Diploma in Nursing/Midwife and BNSC ပြီးထားတယ်ဆိုရင် မည်သည့် Position ဖြင့် လျှောက်လို့ရပါသလဲ? 

A2: Diploma in Nursing/Midwife and BNSC ပြီးထားတယ်ဆိုရင် Nurse Aide Position ဖြင့် Singapore မှာ အလုပ်လျှောက်လို့ရပါသည်။  

 

Q3: Singapore ၌ မည်သည့်နေရာမျိုးတွင် အလုပ် လုပ်ရပါမည်လဲ 

A3: Nursing Home or Community Hospital တွင် တာဝန် ထမ်းဆောင်ရပါမည်။  Community Hospital များမှာ Opening Position မရှိပါက လျှောက်လို့မရပါ။ Community Hospital များ မြန်မာနိုင်ငံသို့ recruiting လုပ်သော cycle အရမ်းရှားပါတယ်။ ထိုကြောင့် ရွေးချယ်နေပါက အချိန်ကြာမြင့်ပြီး အလုပ်တစ်ခုမှမရတဲ့ ရလဒ်မျိုးရှိနိုင်ပါတယ်။

 

Q4: Nursing Home နဲ့ Community Hospital ဘာကွားခြားပါသလဲ? 

A4: Nursing Home နဲ့ Community Hospital က ဘာမှ မကွာခြားပါ။ လုပ်ရသည့် အလုပ်တွေကတော့ အတူတူဘဲ ဖြစ်ပါသည်။ 

 

Q5: Passport က ဘာအမျိုးအစားရှိထားရမှာလဲ? 

A5: Singapore ဘက်မှ PV/PJ passport 2 မျိုးလုံးအား လက်ခံပါတယ်။ PV ကိုင်ဆောင်ထားသူများမှာ Interview ပြီးတာနှင့် IPA ရပြီး အမြန်ထွက်နိုင်သောကြောင့် Interview အောင်ပြီး reject လုပ်ခံရနိုင်ခြေနည်းပါသည်။ PJ ကိုင်ဆောင်ထားသူများမှာ အဆင့်ဆင့် လုပ်ဆောင်ရသော လုပ်ငန်းစဉ်များရှိသည်အတွက် IPA ကျသောလည်း ထွက်ရန်အဆင်သင့်မဖြစ်တာမျိုး ကြုံတွေ့ရနိုင်သောကြောင့် Interview အောင်ပြီး rejection ဖြစ်တာမျိုးကြုံရနိုင်သောကြောင့် PV ကိုင်ဆောင်ထားပါက ပိုမိုသင့်တော်သည်ဟု အကြံပြုလိုပါသည်။

 

Q6: OWIC Card လျှောက်ပေးလား? 

A6: Service မရှိပါ။ 

 

Q7: Passport မရှိသေးဘဲနဲ့ CV Form တင်ထားလို့ရလား 

A7: CV Form တင်မယ်ဆိုရင် အကြမ်းဖျင်းတော့ ပို့ထားပေးလို့ရပါတယ်။ Passport ရမယ့်ရက် နီးပြီဆိုရင်တော့ ရုံးသို့ ပြန်လည် ဆက်သွယ်ပေးရပါမည်။ မိမိ Data များ စုံပြီဆိုရင် Interview တွေထဲ ထည့်ပေးပါမည်။  

(Remark – PP ရမယ့် ခန့်မှန်းချေရက်က နီးပြီဆိုတော့မှ CV Form တင်ဖို့ အကြံပြုလိုပါတယ်။ 5လကျော် 6လလောက်မှ PP ရမယ်ဆိုရင် နီးတော့မှသာ CV Form တင်ပါ။ Notary ပြန်ထားတာတွေ Expire ဖြစ်သွားမှာစိုးသည့်အတွက်ကြောင့်ဖြစ်ပါသည်။)  

 

Q8: Passport လုပ်ပေးလား? 

A8: Passport လျှောက်ပေးသည့် Service မရှိပါ။  

 

Q9: Work Experience မရှိဘဲ အလုပ် လျှောက်လို့ရနိုင်လား? 

A9: Work Experience လုံးဝ လုံးဝ မရှိထားဘူးဆိုရင်တော့ Singapore ဘက်မှ မိမိ၏ CV Form အား ရွေးချယ်ခံရနိုင်ချေ နည်းပါသည်။ အနည်းဆုံး Work Experience သည် ဆေးရုံ/ဆေးခန်းများတွင် (1) နှစ်/ 1နှစ်ခွဲ အထက်ရှိရပါမည်။ အကယ်၍ လုပ်သက် လုံးဝ မရှိထားဘူးဆိုရင်တောင် (6) လနှင့်အထက် ရှိထားသောသူ ဖြစ်ရပါမည်။  

 

Q10: Covid Vaccine က ဘယ်နှစ်ကြိမ် ထိုးထားရမလဲ 

A10: အလုပ်လျှောက်ပြီဆိုရင် Covid Vaccine သည် (4) ကြိမ် အနည်းဆုံးထိုးထားသည့်သူ ဖြစ်ရပါမည်။ မိမိ နောက်ဆုံးထိုးထားသည့်အလုံးသည် (5) လအတွင်းဖြစ်ရပါမည်။ (5) လကျော်သွားပြီဆိုပါက Update Dose ထပ်မံထိုးပေးရပါမည်။  

(Remark : မိမိ ထိုးမည့် COVID ဆေးသည် Myancopharm မဖြစ်ရပါ။) 

 

Q11: မိမိတွင် B ပိုး/ အဆုတ်တွင် spot ရှိရင် သွားလို့ရနိုင်လား 

A11: နိုင်ငံခြားတွင်အလုပ်သွားလုပ်ဖို့ စီစဉ်ထားပါက CV မတင်ခင်တွင် ကြိုတင်ဆေးစစ်ထားဖို့အကြံပြုလိုပါတယ်။ Interview အောင်ရင်လည်း ထပ်မံဆေးစစ်ရပါမည်။
Interview အောင်ပြီး ဆေးစစ်ရာတွင် Medical Check Up သည် Failed ဖြစ်ခဲ့ပါက မိမိ အင်တာဗျူးအောင်ထားသော်လည်း အလုပ်ရှင်ဘက်မှ အင်တာဗျူး အောင်ထားသည်အား Cancel လုပ်ခံရနိုင်ပါသည်။  

 

Q12: အလုပ်လျှောက်မယ်ဆို ဘယ်လိုစလျှောက်လို့ရနိုင်မလဲ 

A12: Lucky City Group ၏ Viber No များမှ တစ်ဆင့် CV Form sample ရယူနိုင်ပြီး LCG မှ ပို့ပေးသည့် CV Form format အတိုင်း မိမိ၏ CV Form အား Computer ဖြင့်သော်လည်းကောင်း/ Computer ဆိုင်တွင်သော်လည်းကောင်း ပြင်ဆင်ပြီးတော့ VB No များ သို့ မိမိ၏ CV Form အား Word file ဖြင့် ပြန်လည် ပေးပို့ထားနိုင်ပါသည်။   

(+959964556810/+959982201634/+959980509602) သို့ Monday to Saturday (10 AM to 5 PM) ရုံးချိန်အတွင်း တိုက်ရိုက် ဆက်သွယ်နိုင်ပါသည်။  

 

Q13: အလုပ်လျှောက်မည့်သူ၏ CV Form အား LCG မှ ကိုယ်စားပြင်ဆင်ပေးပါသလား 

A13: မိမိ၏ Data အချက်အလက်များအား မိမိကိုယ်တိုင်ပြင်ဆင်၍ CV Form ထဲသို့ ထည့်သွင်းပေးခြင်းသည်သာ အကောင်းဆုံးဖြစ်ပြီး လိုအပ်ချက် အနည်းငယ်ကိုသာ LCG Admin Team မှ ပြန်လည်၍ ပြင်ဆင်ပေးမှာ ဖြစ်ပါသည်။  

 

Q14: CV Form တင်ပြီးလျှင် အင်တာဗျူးဖြေဖို့အတွက် ကြာချိန် ဘယ်လောက် လောက် စောင့်ရမလဲ? 

A14: Interview ကြာချိန် –  

မနက်ဖြန်လည်းဖြစ်နိုင်သလို နောက်နှစ်လည်းဖြစ်နိုင်ပါတယ်။ သင့်ရဲ့ အရည်အချင်း၊ သင့် CV အား အလုပ်ရှင်မှ ရွေးချယ်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း၊ ဈေးကွက်စီးပွါးရေး၊ အခြားနိုင်ငံများမှ လုပ်သားများ အစရှိတာတွေပေါ်မူတည်ပါတယ်။  ဒါကြောင့် စောင့်ဆိုင်းနေတဲ့ကာလမှာ စာရွက်စာတန်း ပြည့်စုံအောင် စုစည်းထားပါ။ English/Chinese လိုအပ်သော Skills များကို သာလွန်နေအောင် ကြိုးစားပါ။ မိမိအဆင်သင့်ဖြစ်နေခြင်းဟာ CV Form တင်ပြီးလျှင် အင်တာဗျူး ဖြေဖို့ ဘယ်လောက်လောက် စောင့်ရမလဲဆိုသည့် မေးခွန်း၏ အကောင်းဆုံးအဖြေဖြစ်ပါတယ်။  

Q15: Agency Fees ဘယ်လောက်လောက် ကုန်ကျနိုင်မလဲ? 

A15: CV Form တင်ပြီးရင် CV Needed Data များအား သက်ဆိုင်ရာ case officer များမှ ဆက်သွယ်ပြီး Follow Up လိုက်ရင်းနဲ့ Agent Fees အား အသေးစိတ် ဆွေးနွေးရှင်းပြပေးပါလိမ့်မယ်။ IPA ရမှသာ Service Fees သွင်းပေးရမှာဖြစ်ပြီး CV Form တင်ခြင်း၊ Interview ဝင်ရာတွင် အခက်အခဲမရှိပဲ အဆင်ပြေစေရန်အတွက် ပေးသော Interview Training များကိုလည်း အခမဲ့ တက်ရောက်ခွင့်ရှိမှာဖြစ်ပါတယ်။ အလုပ်လျှောက်သူထံမှ အလုပ်မရမခြင်း မည်သည့် Service Fees မှမကောက်ယူပဲ LCG မှသာ ဝန်ဆောင်မှု့များပေးသည်သာဖြစ်သောကြောင့် စိတ်ချယုံကြည်စွာ CV Form တင်ထားနိုင်ပါသည်။

 

Q16: အကြွေးစနစ်နဲ့ကော လျှောက်လို့ရလား? 

A16: လက်ရှိတွင် LCG မှ Singapore နိုင်ငံသို့ အလုပ်လျှောက်ပေးရာတွင် လက်ငင်းစနစ်ဖြင့်သာ ဝန်ဆောင်မှုပေးနေပါသည်။  

 

Q17: Height and Weight ကန့်သတ်ချက် ရှိလား? 

A17: Height 155 cm /Weight 48 Kg ရှိရပါမည်။  

 

Q18: အသက်ကန့်သတ်ချက်ရှိလား? 

A18: Age 21, 22 ဝန်းကျင်လောက်မှ စ၍ 34,35 ဝန်းကျင်လောက်ထိ လျှောက်ထားနိုင်ပါသည်။  

အသက်ကန့်သတ်ချက်အတွင်း ရှိမနေပါကလည်း မိမိ၏ Working Experience နှင့် Language skills များပေါ်မူတည်၍ CV Form တင်ပြီး ကြိုးစားကြည့်လို့ရပါသည်။ 

About the Author

You may also like these