fbpx

CV Form တင်ပြီးလျှင် မေးလေ့ရှိသော မေးခွန်းများနှင့် အဖြေများ 

ဤ FAQs Page မှာတင်ပေးထားသော အမေးအဖြေများမှာ Singapore နိုင်ငံတွင် NA/HCA ဖြင့်သွားရောက်လုပ်ကိုင်လိုသူများ CV တင်ပြီးသွားသည့်အခါတွင် မေးလေ့ရှိသော အမေးအဖြေများဖြစ်ပါသည်။

Q1: သူငယ်ချင်းနှင့် CV Form အတူတူတင်ရင် နေရာတစ်ခုထဲတွင် အလုပ်အတူတူ ရနိုင်လား 

1.အင်တာဗျူးထဲသို့ မိမိ သူငယ်ချင်းနှင့်အတူတူ CV form ထည့်ပေးထားသော်လည်း Interviewer ဘက်မှ မိမိ၏ CV Form ကိုသာရွေးချယ်ပြီး ကျန်သူငယ်ချင်း၏ CV Form ကို မရွေးချယ်တာလည်း ဖြစ်နိုင်ပါသည်။  

2.မိမိ၏ သူငယ်ချင်းနှင့် အင်တာဗျူး တူတူဖြေရခဲ့သည်ရှိသော်လည်း တစ်ယောက် Interview အောင်ပြီးတစ်ယောက် Interview ကျတာမျိုး ဖြစ်နိုင်ပါသည်။  

 

Q2: CV Form တင်ပြီးလျှင် အင်တာဗျူးကို ဘယ်လောက်လောက် စောင့်ရမလဲ 

A2: CV Form တင်ပြီးပါက ချက်ချင်း အင်တာဗျူး ရနိုင်မည် မဟုတ်ပါ။  

CV form တင်ပြီးပါက LCG မှ သတ်မှတ်ထားသည့် English Level Test ဖြေဆိုရမည် ဖြစ်ပြီး English Level သည် Upper Intermediate ရရှိပါက မိမိ၏ CV Form အား processing ဆက်လက် လုပ်ဆောင်ပေးမှာဖြစ်ပါသည်။ Basic or Basic Level အောက် ရရှိခဲ့လျှင် English စာအား ပြန်လည် လေ့လာရမည် ဖြစ်ပြီး ပြင်ဆင်ရပါမည်။   

 

Q3: English Level Test ဘယ်လိုဖြေရမလဲ? 

A3: English Level Test ဖြေမည်ဆိုပါက ရုံးချိန်အတွင်း ရုံးသို့ ဖုန်းဆက်သွယ်၍ Link အားရယူနိုင်ပါသည်။  

ဖြေဆိုချိန်သည် မိနစ် (20) အတွင်း ဖြေဆိုရမည် ဖြစ်ပြီး မိနစ် (20) ကျော်သွားပါက Link အားပြန်ဝင်လို့မရတော့တာမျိုးတွေ ကြုံတွေ့နိုင်ပါသည်။  

ထို့ကြောင့် မိနစ် (20) အချိန် ရမှ သာလျှင် ဖြေဆိုဖို့ရာအတွက် English Level Test Link ယူကြဖို့ အကြံပြုလိုပါသည်။  

 

Q4: English Level Test ဖြေဆိုပြီးလျှင် ဘာဆက်လုပ်ရမလဲ? 

A4: English Level Test ဖြေဆိုပြီးပါက မိမိ၏ English Level သည် Basic or Basic အောက် ရောက်ရှိနေလျှင် English Class များ ပြန်တက်ပြီး ပြင်ဆင် ရန် လိုအပ်ပါသည်။ English Level သည် Basic or Basic အောက် ရောက်ရှိနေသောသူအား Lucky City Group ၏ Pre-Interview ထဲသို့ ထည့်ပေးရန် အဆင်မပြေနိုင်ပါ။  

 

Q5: LCG တွင် English Class ဖွင့်ထားတာ ရှိပါသလား? 

A5: LCG တွင် English Class ဖွင့်ထားတာရှိပါသည်။ တစ်လ တစ်ခါ အတန်းခွဲသစ်များ ဖွင့်ပါသည်။ တက်ရောက်လိုပါက Viber No များတွင် နာမည်စာရင်းပေးထားနိုင်ပါသည်။  

 

Q6: English Class မ Join ထားဘဲ Self-study လုပ်ပြီးလျှင် Interview များထဲသို့ ပြန်ထည့်ပေးပါသလား? 

A6: LCG ၏ English Class အား Join ထားခြင်းမရှိဘဲ တခြားသင်တန်းများသော်လည်းကောင်း၊ Self-study လုပ်ထားလျှင် သော်လည်းကောင်း American Center or British Council တို့တွင် Level test ဖြေဆိုပေးရမည် ဖြစ်ပြီး Level Test result- Upper Intermediate Level ရရှိရပါမည်။ ထို result အား screenshot ပြနိုင်မှသာ Lucky City Group ၏Pre-Interview များထဲသို့ ပြန်လည် ထည့်ပေးမည် ဖြစ်ပါသည်။  

 

Q7: Interview ဘယ်နှစ်ဆင့် ဖြေရမလဲ? 

A7: Interview သည် 3ဆင့် ဖြေဆိုပေးရပါမည်။  

1.Pre- Interview by LCG 

2.Singapore Agent  

3.Nursing Home/Community Hospital 

 

Q8: Agency Fees ထဲမှာ Flight ticket ဖိုး ပါဝင်ပြီးသားလား? 

A8: Agency Fees ထဲတွင် Flight ticket ဖိုးမပါဝင်ပါ။ မိမိ အင်တာဗျူးအောင်သည့် အလုပ်နေရာပေါ်မူတည်ပြီး Flight ticket ဖိုး ပြန် claim လို့ရတာမျိုး ရှိသလိုပြန်မရတာမျိုးလည်း ရှိကောင်းရှိနိုင်ပါတယ်။ Nursing Home တော်တော်များများကတော့ Flight ticket ဖိုး ပြန်ပေးတာ များပါသည်။  

 

Q9: Nursing Home/Community Hospital တွင် နေစရာ စီစဉ်ပေးလား? 

A9: မိမိ အင်တာဗျူး အောင်သည့် Nursing Home/Community Hospital အပေါ်မူတည်၍ နေစရာပေးတာမျိုး ရှိသလို/ နေစရိတ်ထုတ်ပေးပြီး မိမိအစီအစဉ်ဖြင့် အိမ်ငှားနေရတာမျိုးလည်း ရှိနိုင်ပါသည်။  

About the Author

You may also like these