fbpx

Basic English For Healthcare Professional Class

အခြေခံ English ဘာသာစကားပြောဆိုနိုင်ရန်၊ Healthcare နှင့်ပတ်သက်သောအသုံးအနှုံးများကို အခြေခံ ရင်းနှီးကျွမ်းဝင်လာစေရန် နှင့် Singapore Employer များမှမေးလေ့ရှိသော Interview ပုံစံများကို ရင်းနှီးကျွမ်းဝင်မှူ့ရှိလာစေရန်တို့ကိုရည်ရွယ်ပြီး ဖွင့်ပေးသော အတန်းဖြစ်ပါသည်။

Basic English For Healthcare Professional အတန်းတွင် အောက်ပါအတန်း 3 တန်းပါဝင်မှာဖြစ်ပါသည်။ ထိုကြောင့် အတန်းတစ်တန်း အပ်လိုက်ရုံဖြင့် အတန်း 3 ခု (Class 1 to 3) ကိုသင့်အနေဖြင့် ဝင်ရောက်လေ့လာနိုင်မှာဖြစ်ပါတယ်။

  1. English Conversation (Zoom Class)
  2. How to prepare Interview (Zoom Class)
  3. Telegram Channel (Video Lesson)

ဘယ်သူတွေ တက်သင့်သလည်း?

ဒီအတန်းမှာ Basic English များကိုသာသင်ကြားသွားမှာဖြစ်ပြီး Interview ဝင်ရာတွင် ချောမွေ့စေနိုင်ရန်ရည်ရွယ်သင်ကြားပို့ချခြင်းဖြစ်သောကြောင့် Pre-Intermediate အဆင့်ရှိသူများနှင့် Medical English လေ့လာလိုသူများ တက်ရောက်လိုပါကသင့်တော်မည်မဟုတ်ပါ။ အတန်းမအပ်ခင်မှာ English Level Test အားဖြေဆိုပြီး မိမိ၏ English Level ကိုသိပြီးမှသာ အတန်းအပ်ရန်အတွက် အကြံပြုတိုက်တွန်းလိုပါသည်။ CV Form တင်ထားသူများအတွက် အထူးအစီအစဉ်များရှိနိုင်သောကြောင့် CV Form တင်ထားသူများ မိမိ၏ Case Officer နှင့်ဆက်သွယ်စုံစမ်းနိုင်မှာဖြစ်ပါသည်။ Singapore Nursing Homes များတွင်သွားရောက်လုပ်ကိုင်လိုသော Nurse Aide နှင့် Healthcare Assistant များအတွက် အထူးသင့်တော်အောင် ဖွင့်လှစ်ပေးခြင်းဖြစ်ပါသည်။ အခြားနိုင်ငံသို့သွားလိုသူများ နှင့် အခြား Professionals များအတွက် သင့်တော်နိုင်မည်မဟုတ်ပါ။

သင်တန်းဘယ်လိုအပ်ရမလည်း?

သင်တန်းအပ်လိုပါက ဖုန်း 📲+959-964-556-810 / 📲+959-982-201-634 / 📲+959-980-509-602 သို့ ရုံးချိန် 9AM to 5PM (Monday to Saturday) တွင်ဆက်သွယ်ပြီး အတန်းအပ်နိုင်ပါသည်။ သင်တန်းကြေးအား KBZ Pay, Wave Money တို့မှလက်ခံပေးပြီး Online သင်တန်းဖြစ်သောကြောင့် နယ်မှ လေ့လာလိုသူများ နှင့် မြန်မာပြည်တွင်မရှိသူများလေ့လာနိုင်မှာဖြစ်ပါသည်။ အတန်းတက်ချိန်တွင် Attendance မှာအရေးကြီးသောကြောင့် သင်တန်းအပ်ပြီးပါက အတန်းချိန်အားလုံး ဝင်ရောက်လေ့လာရန်တိုက်တွန်းလိုပါသည်။ အတန်းပျက်ရက်များအား အစားထိုးပေးခြင်းမရှိပါ။ အတန်းအပ်ပြီးပါက သင်တန်း Fees မှာ Non-Refundable ဖြစ်ပါသည်။

 

Class 1 – English Conversation (Zoom Class)

သင်ကြားပေးသော ခေါင်းစဉ် များမှာအောက်ပါအတိုင်းဖြစ်ပါသည်။

  1. Myself ပြောဆိုနည်း
  2. Conversation များသင်ပေးပြီး သင်တန်းသားအချင်းချင်း ပြောဆိုလေ့ကျင့်ခိုင်းခြင်း
  3. CV Cover Letter ရေးနည်း
  4. CV Form sample ပုံစံရှင်းပြပြီး ရေးနည်းသင်ပြခြင်း
  5. Grammar Focus

English Conversation (Zoom Class) – ရရှိနိုင်မည့် အကျိုးကျေးဇူးများ

  1. မိမိ၏ Myself အတွက် ပြင်ဆင်ထားသင့်သည်များအား သိရှိလာနိုင်ပြီး အင်တာဗျူးတွင်လည်း ရဲဝင့်စွာ ပြောနိုင်ဆိုနိုင်လာမည်ဖြစ်ပါသည်။
  2. Conversation များအား တစ်ယောက်နဲ့ တစ်ယောက် လေ့ကျင့်ပြီး ပြောဆိုခိုင်းသည့်အတွက် English စကားအား ပြောရဲဆိုရဲရှိလာမည်။
  3. Communication skill များ မြင့်တက်လာနိုင်ပြီး မိမိကိုယ်ကို ယုံကြည်မှု များတိုးလာစေပါသည်။
  4. English စကားအားအပတ်စဉ်တိုင်းကြားနေရတော့ စိမ်းသက်မနေတော့ဘဲ ပို၍ ရင်းနှီးလာမည်။
  5. CV Cover Letter ရေးနည်းအား သိရှိလာပြီး မိမိ၏ Cover Letter အားကောင်းမွန်စွာရေးနိုင်လာမည်။
  6. Singapore အလုပ်အတွက် CV Form Sample ပုံစံကိုသင်ပေးသောကြောင့် အရင်ကထပ်ပိုသိရှိပြီးတော့ CV Form အား Format ကျကျနဲ့ရေးတတ်လာမည်။ အလွယ်တကူလည်း ရေးနိုင်လာမည်ဖြစ်ပါသည်။

Class 2 – How to prepare Interview (Zoom Class)

သင်ကြားပေးသော ခေါင်းစဉ် များမှာအောက်ပါအတိုင်းဖြစ်ပါသည်။

  1. Interview ဖြေဖို့အတွက် Tips and Tricks များအား ပြောပြခြင်း
  2. Interview ဖြေရာတွင် Do and Don’t များအား ပြောပြခြင်း
  3. Interview ဖြေဖို့ရာအတွက် ပြင်ဆင်သင့်သည့်အရာများအား သင်ပေးခြင်း
  4. Interview တွင် အမေးများသည့် မေးခွန်းများအား ဖြေဆိုပုံဖြေဆိုနည်းများ သင်ပေးခြင်း
  5. Telegram Channel တွင် အင်တာဗျူးဖြေဖို့နှင့်သက်ဆိုင်သည့် Video Lessons များတင်ပေးခြင်း

How to prepare Interview (Zoom Class) ရရှိနိုင်မည့် အကျိုးကျေးဇူးများ

  1. Interview Training အတန်းမှ တစ်ဆင့် Interview ဖြေတဲ့အခါမှာ ဆောင်ရန် ရှောင်ရန်များကို သင်ပေးထားသောကြောင့် ကြိုတင်ပြင်ဆင်ထားနိုင်မည်ဖြစ်ပါသည်။
  2. Interview Training အတန်းပြီးသွားပါက Interview ဖြေဖို့အတွက် ပိုယုံကြည်မှုရှိလာနိုင်ပါမည်။
  3. Telegram channel မှ Video Lessons များလေ့လာခြင်းအားဖြင့် အင်တာဗျူးတွေ အမေးများသည့် မေးခွန်းများအား ပိုမိုပြင်ဆင်လေ့လာနိုင်မည်ဖြစ်ပါသည်။

Class 3 – Telegram Channel (Video Lesson)

သင်ကြားပေးသော ခေါင်းစဉ် များမှာအောက်ပါအတိုင်းဖြစ်ပါသည်။

  1. Healthcare လုပ်ငန်းခွင်များတွင် အသုံးပြုလေ့ရှိသောအသုံးအနှုံးများ ဆွေးနွေးကောက်နှုတ်ချက်များကို လေ့လာနိုင်မှာဖြစ်ပါတယ်။

Telegram Channel (Video Lesson) ရရှိနိုင်မည့် အကျိုးကျေးဇူးများ

  1. Video Lessons များအား Life Time တင်ပေးထားမှာဖြစ်သည့်အတွက်ကြောင့်မို့လို့ မိမိ အားသည့်အချိန်၊ အင်တာနက် ရှိသည့်မည်သည့်နေရာမှာမဆို လေ့လာနိုင်ပါသည်။
  2. လက်တွေ့လုပ်ငန်းခွင့်ဝင်သောအခါတွင် အကျိုးရှိစေနိုင်မည့်အသုံးအနှုံးများအား လေ့လာခွင့် ရရှိမည်ဖြစ်ပါသည်

 

About the Author

You may also like these

No Related Post