ဤ FAQs Page မှာတင်ပေးထားသော အမေးအဖြေများမှာ Singapore နိုင်ငံတွင် NA/HCA ဖြင့်သွားရောက်လုပ်ကိုင်လိုသူများ CV တင်ပြီးသွားသည့်အခါတွင် မေးလေ့ရှိသော အမေးအဖြေများဖြစ်ပါသည်။
Q1: သူငယ်ချင်းနှင့် CV Form အတူတူတင်ရင် နေရာတစ်ခုထဲတွင် အလုပ်အတူတူရနိုင်လား?
A1:
- အင်တာဗျူးထဲသို့ မိမိ သူငယ်ချင်းနှင့်အတူတူ CV form ထည့်ပေးထားသော်လည်း Interviewer ဘက်မှ မိမိ၏ CV Form ကိုသာရွေးချယ်ပြီး ကျန်သူငယ်ချင်း၏ CV Form ကို မရွေးချယ်တာလည်း ဖြစ်နိုင်ပါသည်။
- မိမိ၏ သူငယ်ချင်းနှင့် အင်တာဗျူး တူတူဖြေရခဲ့သည်ရှိသော်လည်း တစ်ယောက် Interview အောင်ပြီး၊ တစ်ယောက် Interview ကျတာမျိုး ဖြစ်နိုင်ပါသည်။
Q2: CV Form တင်ပြီးလျှင် အင်တာဗျူးကို ဘယ်လောက်လောက် စောင့်ရမလဲ?
A2: CV Form တင်ပြီးပါက ချက်ချင်း အင်တာဗျူး ရနိုင်မည် မဟုတ်ပါ။ လုပ်ငန်းစဉ်များစွာကို ဖြတ်သန်းရပါမည်။
CV တင်ပြီးနောက် လုပ်ရမည့်အဆင့်များ-
- English Level စစ်ဆေးခြင်း- မိမိ၏ English Level သည် Intermediate Level နှင့်အထက် ရှိရပါမည်။
- Placement Test ဖြေဆိုခြင်း- CV တင်ပြီးနောက် English Placement Test မဖြေဆိုရသေးပါက ဖြေဆိုရပါမည်။
- အလုပ်အကိုင်အခွင့်အလမ်း စောင့်ဆိုင်းခြင်း- English Level အဆင်ပြေပါက မိမိ၏ အတွေ့အကြုံနှင့် ကိုက်ညီသော အလုပ်အကိုင်အခွင့်အလမ်း ပေါ်လာချိန်အထိ စောင့်ဆိုင်းရပါမည်။
- Employer သို့ CV တင်သွင်းခြင်း- သင့်လျော်သော အလုပ်အကိုင် ရှိလာပါက LCG မှ မိမိ၏ CV အား Employer သို့ တင်သွင်းပေးမည်ဖြစ်ပါသည်။
- Employer ရွေးချယ်ခြင်း- Employer မှ မိမိ၏ CV အား ရွေးချယ်မှသာလျှင် အင်တာဗျူး ခေါ်ယူမည်ဖြစ်ပါသည်။
မှတ်ချက်- English Level သည် Intermediate အောက်ရှိနေပါက English စာအား ပြန်လည်လေ့လာပြီး ပြင်ဆင်ရန် လိုအပ်ပါသည်။
Q3: English Level Test ဘယ်လိုဖြေရမလဲ?
A3: LCG မှ English Level Test ၏ အရည်အသွေးကို အဆက်မပြတ် တိုးတက်အောင် ပြုလုပ်နေပါသည်။
CV တင်သွင်းသည့်အချိန်တွင် နောက်ဆုံးရ သတင်းအချက်အလက်များနှင့် Online English Level Test ယူနည်းကို သိရှိရန်အတွက် LCG ၏ Facebook Page တွင် ဆက်သွယ်မေးမြန်းခြင်းက အကောင်းဆုံးဖြစ်ပါသည်။
ဆက်သွယ်ရန်- Lucky City Group Facebook Page
⏰ ရုံးချိန်- Mon-Sat (9:00 AM – 5:00 PM)
Q4: English Level Test ဖြေဆိုပြီးလျှင် ဘာဆက်လုပ်ရမလဲ?
A4: English Level Test ဖြေဆိုပြီးပါက မိမိ၏ English Level သည် Basic or Basic အောက် ရောက်ရှိနေလျှင် English Class များ ပြန်တက်ပြီး ပြင်ဆင် ရန် လိုအပ်ပါသည်။ English Level သည် Basic or Basic အောက် ရောက်ရှိနေသောသူအား Lucky City Group ၏ Pre-Interview ထဲသို့ ထည့်ပေးရန် အဆင်မပြေနိုင်ပါ။
Q5: LCG တွင် English Class ဖွင့်ထားတာ ရှိပါသလား?
A5: LCG တွင် English Class ဖွင့်ထားတာရှိပါသည်။ သင်တန်းအများစုမှာ Online ဖြစ်ပြီး “Learn at your own pace” ပုံစံဖြင့် သင်ကြားနိုင်ပါသည်။ သတ်မှတ်ချိန်တွင် Online Class များ Join ရန် အချိန်မရှိသူများအတွက်လည်း မိမိ အဆင်ပြေသည့်အချိန်တွင် သင်ယူနိုင်သည့် Class များ ရှိပါသည်။ Online Class များအကြောင်း အသေးစိတ်သိရှိလိုပါက LCG ၏ Facebook Page တွင် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Q6: English Class မ Join ထားဘဲ Self-study လုပ်ပြီးလျှင် Interview များထဲသို့ ပြန်ထည့်ပေးပါသလား?
A6: LCG ၏ English Class အား Join ထားခြင်းမရှိဘဲ တခြားသင်တန်းများသော်လည်းကောင်း၊ Self-study လုပ်ထားလျှင် သော်လည်းကောင်း American Center or British Council တို့တွင် Level test ဖြေဆိုပေးရမည် ဖြစ်ပြီး Level Test result- Upper Intermediate Level ရရှိရပါမည်။ ထို result အား screenshot ပြနိုင်မှသာ Lucky City Group ၏Pre-Interview များထဲသို့ ပြန်လည် ထည့်ပေးမည် ဖြစ်ပါသည်။
Q7: Interview ဘယ်နှစ်ဆင့် ဖြေရမလဲ?
A7: Interview သည် 3ဆင့် ဖြေဆိုပေးရပါမည်။
- Pre- Interview by LCG
- Singapore Agent
- Nursing Home/Community Hospital
Q8: Agency Fees ထဲမှာ Flight ticket ဖိုး ပါဝင်ပြီးသားလား?
A8: Agency Fees ထဲတွင် Flight ticket ဖိုးမပါဝင်ပါ။ မိမိ အင်တာဗျူးအောင်သည့် အလုပ်နေရာပေါ်မူတည်ပြီး Flight ticket ဖိုး ပြန် claim လို့ရတာမျိုး ရှိသလို၊ ပြန်မရတာမျိုးလည်း ရှိကောင်းရှိနိုင်ပါတယ်။ Nursing Home တော်တော်များများကတော့ Flight ticket ဖိုး ပြန်ပေးတာ များပါသည်။
Q9: Nursing Home/Community Hospital တွင် နေစရာ စီစဉ်ပေးလား?
A9: မိမိ အင်တာဗျူး အောင်သည့် Nursing Home/Community Hospital အပေါ်မူတည်၍ နေစရာပေးတာမျိုး ရှိသလို/ နေစရိတ်ထုတ်ပေးပြီး မိမိအစီအစဉ်ဖြင့် အိမ်ငှားနေရတာမျိုးလည်း ရှိနိုင်ပါသည်။