ပြည်ပအလုပ်လျှောက်ရာတွင် မရှိမဖြစ်လိုအပ်သည့် စာရွက်စာတမ်းနှင့် ဆောင်ရန်ေရှာင်ရန်များ
⏩ ကိုယ်ရေးရာဇဝင် (CV)
⏩နိုင်ငံကူးလက်မှတ် (Passport)
⏩ပညာအရည်အချင်းလက်မှတ်များ (Certificate)
⏩ဓာတ်ပုံ (Photo)
ဒီအချက်အလက်တွေက ပြည်ပအလုပ်အကိုင်အတွက် အခြေခံအကျဆုံးဖြစ်ပါတယ်။
📌CV Form တင်ရာတွင်ဆောင်ရန်၊ ရှောင်ရန်များကတော့
📄မိမိရဲ့ Certificate များ အခြားသက်ဆိုင်ရာ စာရွက်စာတန်းများအား တင်ရာတွင် စာရွက်များအား ဖုန်းနှင့် Photo ရိုက်တင်ခြင်းအားမပြုလုပ်ရပါ။ စာရွက်တွေကို ကြမ်းပြင်ပေါ်ချပြီး ဓါတ်ပုံရိုက်ပို့ခြင်းအား ရှောင်ကျဉ်ပါ။
📄စာရွက်စာတန်းများအား သေချာစွာ Scan ဖတ်ပြီး ပေးပို့ရပါမယ်။ Scan ဖတ်ဖို့မည်သို့လုပ်ဆောင်ရမည်မသိပါက မိတ္တူဆိုင် သို့မဟုတ် Computer စာစီစာရိုက်ဆိုင်သို့ သွားပြီး လုပ်နိုင်ပါတယ်။
📄CV Form တင်ရာတွင် Professional ဆန်စွာဖြစ်သင့်သော File Format (PDF/MS Word) ဖြင့်တင်သင့်ပါတယ်။ Print ထုတ်ထားသော CV Form အား ဓါတ်ပုံရိုက်ပီး Form တင်ခြင်းမျိုးရှောင်သင့်ပါတယ်။
သင်အလုပ်နဲ့ သွားဖို့ ရည်ရွယ်ထားတဲ့နိုင်ငံပေါ်မူတည်ပြီး နောက်ထပ်လိုအပ်နိုင်တဲ့ စာရွက်စာတမ်းတွေလည်း ရှိနိုင်တာမို့ အောက်ပါဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်းဆက်သွယ် စုံစမ်းနိုင်သလို CV Form များတင်မယ်ဆိုလျှင်လည်းအောက်ပါ Website တွင် တင်ရမှာဖြစ်ပါတယ်။
☎️09 964 556 810