အလုပ်ရှင်များ အလိုလားဆုံး Soft Skills (၃) ခု

အလုပ်ရှင်များ အလိုလားဆုံး Soft Skills (၃) ခု

ဒီနေ့ခေတ် အလုပ်ရှင်တွေ အလေးထားတဲ့ Soft Skills တွေကလည်း အလွန်အရေးပါပါတယ်။ ဒီလို Soft Skills တွေထဲမှာ အထူးတလည် အရေးကြီးတဲ့ သုံးမျိုးကို ဖော်ပြလိုက်ပါတယ်။

⏰ အချိန်မှန်လာရောက်ခြင်း (Punctuality)

အချိန်ကို လေးစားလိုက်နာသူတွေဟာ တာဝန်ယူစိတ်ရှိသူ၊ အလုပ်ကို တိကျစွာ ဆောင်ရွက်နိုင်သူ ဆိုတဲ့ ဂုဏ်ကို ဆောင်ပါတယ်။ အချိန်မီ ရောက်ရှိခြင်းက သင့်ကို အဖွဲ့အစည်းအတွင်း ယုံကြည်စိတ်ချရသူ တစ်ဦးအဖြစ် ထင်ပေါ်စေမှာ ဖြစ်ပါတယ်။

💡တာဝန်ယူစိတ်ရှိခြင်း (Accountability)

ကိုင်တွယ်တဲ့ အလုပ်တိုင်းအတွက် တာဝန်ယူတတ်ဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ အောင်မြင်မှုတွေကိုသာမကဘဲ၊ ဖြစ်ပေါ်လာတဲ့ အမှားအယွင်းတွေအတွက်ပါ ခံယူနိုင်သူ ဖြစ်ရပါမယ်။ ဒီလိုစိတ်ဓာတ်မျိုးရှိသူကို အလုပ်ရှင်တွေနဲ့ အဖွဲ့သားတွေက အထူးလေးစား ကြမှာပါ။

🤝အဖွဲ့လိုက်လုပ်ကိုင်နိုင်ခြင်း (Teamwork)

တစ်ဦးတည်း ရပ်တည်အောင်မြင်တာထက် အဖွဲ့လိုက် ရည်မှန်းချက်အောင်မြင်မှု က ပိုအရေးကြီးပါတယ်။ အလုပ်ခွင်မှာ အကျိုးပြုသူ တစ်ဦးအဖြစ် ရပ်တည်ဖို့ဆိုရင် အဖွဲ့နဲ့ အတူ ပေါင်းသင်းဆက်ဆံ ပြီး အလုပ်လုပ်နိုင်စွမ်းက မရှိမဖြစ်ပါပဲ။

👉 ဒီ Soft Skills သုံးမျိုးရှိသူတွေဟာ အလုပ်ရှင်တွေသဘောကျတဲ့ ဝန်ထမ်းတွေဖြစ်သလို အမြန်ဆုံး ရွေးချယ်ခံရမယ့် ဝန်ထမ်း တွေ ဖြစ်လာမှာ အသေအချာပါပဲ။☎️09 964 556 810

About the Author

You may also like these